Sunday 20 December 2009

gtalk password ကိုမှန်ဘီလူးနဲ့ကြည့်မယ်

သူငယ်ချင်းများအတွက် တော်တော်များများလည်းရှိကြမှာပါ ဒါက password
ဒါကexe file ပါ

Saturday 19 December 2009

ဒါလေးကိုအရင်လုပ်ပါ

ကျွန်တော်အခုရောက်နေတာကျွန်းနိုင်ငံလေးဖြစ်သလို ရာသီဥတုအပြောင်းအလဲနဲ့ ငလျင်ဒဏ်ကိုတော့
တော်တော်လေးခံရတယ် ဒီကလူတွေကတော့ ရိုးနေပြီပေါ့ဗျာ ကျွန်တော်ကတော့တော်တော်လန့်သွားတယ်
ကျွန်တော် ဆူနာမီ ငလျင်တုန်းက ရန်ကုန်မှာရှိတယ် သိပ်မပြင်းလို့လား နေတာက တိုက်အလွှာတွေမှာ
မဟုတ်လို့လားတော့မသိဘူး သိပ်မသိသာဘူး ဒီနေ့ လှုပ်တဲ့ ငလျင်ကတော့တော်တော်လန့်သွားတယ်ဗျာ ထိုင်ဝမ် အချိန် ၉နာရီ ၂မီနစ် မှာ speed ကတော့ ၆.၈ တဲ့တော်တော်ပြင်းတယ် ကျွန်တော်တို့နေတဲ့ရပ်ကွက်
မှာတော့ ၀ရံတာတွေ၊ အမိုးတွေ ပြိုပြီးကားတွေပေါ် ကျကုန်တာ တော်တော်ဆိုးတယ်ဗျာ ဟီးဟီး တော်ကီ
ပြစ်တာလွန်သွားတယ် ( ကျွန်တော်အဓိကပြောချင်တာက ငလျင်လုပ်ပြီဆိုတာနဲ့အရင်ဆုံး အိမ်အ၀င်အထွက်တံခါးကို အရင်ဦးဆုံးဖွင့်ပါ ဘာဖြစ်လို့လည်းဆို တော့ ငလျင်လှုပ်ရင် တံခါးဘောင်
အနည်း
ငယ်စောင်းသွားပြီဆိုတာနဲ့ တံခါးက ထစ်ပြီးလုံးဝဖွင့်လို့ရတော့မှာမဟုတ်ပါဘူး တိုက်ခန်း
တွေမှာဆို ပိုဆိုးတာပေါ့ဗျာ )
ဒါကလည်းကျွန်တော်ကို ထိုင်ဝမ် လူ၁ယောက်ကပြောပြလို့သိတာပါ

ညီညီလင်း NNL

Sunday 7 June 2009

ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ



တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
> ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
> အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
> ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
> ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
> ဘာဖြစ်မလဲ ဆိုတာပဲ ..'
> "ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
> "တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
> "လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
> 'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
> ရွှတ်နောက်နောက်ကျောင်းသားတစ်ယော က်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
> လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
> ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
>
> ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
> ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
> လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …
>
> 'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
> နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
> ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
> ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
>
> ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
> ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
> စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
> ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
> ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
> အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
> အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
> ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..

( သူများဆီမှတဆင့်ကူးယူတင်ပြပါသည် )

Friday 5 June 2009

ချစ်သူ

ချစ်သူ မင်းနဲ့ကိုယ့်ကြားမှာ ခြေလှမ်းအလှမ်း၁၀၀ ရာ ရှိတယ်ဆိုရင် မင်းဘက်ကိုယ့်ဆီကို ခြေလှမ်း၁လှမ်းစလှမ်းခဲ့ပါ ကျန်တဲ့ခြေလှမ်း၉၉လှမ်းနဲ့....... ကိုယ့်ဘက်ကမင်းဆီကိုရောက်အောင်လှမ်းခဲ့ပါ့မယ် ချစ်သူ

( သူများဆီမှတဆင့်ကူးယူတင်ပြပါသည် )

အချစ်ဦး(first love)

အချစ်ဆိုတာ
ဓါးသွားပေါ်က ပျားရည်တစ်စက်တဲ့ ----- တောက်
ဘယ်သူတွေက
ပျားရည်တွေကို ကုန်အောင်လျက်သွားပါလိမ့်
ငါအလှည့်ကျတော့ ဓါးသွားမြေ့မြေ့ပဲကျန်ခဲ့တယ်


ချစ်ညီလေးကျော်လွင်အတွက်-----ညီညီလင်း ( သူများဆီမှတဆင့်ကူးယူတင်ပြပါသည် )