Saturday 19 December 2009

ဒါလေးကိုအရင်လုပ်ပါ

ကျွန်တော်အခုရောက်နေတာကျွန်းနိုင်ငံလေးဖြစ်သလို ရာသီဥတုအပြောင်းအလဲနဲ့ ငလျင်ဒဏ်ကိုတော့
တော်တော်လေးခံရတယ် ဒီကလူတွေကတော့ ရိုးနေပြီပေါ့ဗျာ ကျွန်တော်ကတော့တော်တော်လန့်သွားတယ်
ကျွန်တော် ဆူနာမီ ငလျင်တုန်းက ရန်ကုန်မှာရှိတယ် သိပ်မပြင်းလို့လား နေတာက တိုက်အလွှာတွေမှာ
မဟုတ်လို့လားတော့မသိဘူး သိပ်မသိသာဘူး ဒီနေ့ လှုပ်တဲ့ ငလျင်ကတော့တော်တော်လန့်သွားတယ်ဗျာ ထိုင်ဝမ် အချိန် ၉နာရီ ၂မီနစ် မှာ speed ကတော့ ၆.၈ တဲ့တော်တော်ပြင်းတယ် ကျွန်တော်တို့နေတဲ့ရပ်ကွက်
မှာတော့ ၀ရံတာတွေ၊ အမိုးတွေ ပြိုပြီးကားတွေပေါ် ကျကုန်တာ တော်တော်ဆိုးတယ်ဗျာ ဟီးဟီး တော်ကီ
ပြစ်တာလွန်သွားတယ် ( ကျွန်တော်အဓိကပြောချင်တာက ငလျင်လုပ်ပြီဆိုတာနဲ့အရင်ဆုံး အိမ်အ၀င်အထွက်တံခါးကို အရင်ဦးဆုံးဖွင့်ပါ ဘာဖြစ်လို့လည်းဆို တော့ ငလျင်လှုပ်ရင် တံခါးဘောင်
အနည်း
ငယ်စောင်းသွားပြီဆိုတာနဲ့ တံခါးက ထစ်ပြီးလုံးဝဖွင့်လို့ရတော့မှာမဟုတ်ပါဘူး တိုက်ခန်း
တွေမှာဆို ပိုဆိုးတာပေါ့ဗျာ )
ဒါကလည်းကျွန်တော်ကို ထိုင်ဝမ် လူ၁ယောက်ကပြောပြလို့သိတာပါ

ညီညီလင်း NNL

No comments:

Post a Comment